ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ ဂျပန်နိုင်ငံအလယ်ပိုင်းက Shiroyone Senmaida ‌မှာ စပါးစိုက်ပျိုး

နှစ်သစ်ကူးနေ့တုန်းက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ခံခဲ့ရတဲ့ ဂျပန်နိုင်ငံအလယ်ပိုင်း Noto ကျွန်းဆွယ်ကမ်းရိုးတန်းက သာယာလှပတဲ့ လယ်ကွင်းတွေထဲ စပါးစိုက်ပျိုးရာမှာ လူပေါင်း ၅၀ ကျော် ပါဝင်ခဲ့ကြပါတယ်။

Ishikawa ခရိုင် Wajima မြို့က ဂျပန်ပင်လယ်ကို အပေါ်စီးကနေမြင်ရတဲ့ တောင်စောင်းတစ်လျှောက်မှာရှိတဲ့ လယ်ကွင်းပေါင်း ၁,၀၀၀ လောက်ကို Shiroyone Senmaida မှာတွေ့ရပါတယ်။ အဲဒီနေရာကို နိုင်ငံရဲ့ ရှုခင်းလှပတဲ့နေရာအဖြစ် အသိအမှတ်ပြုထားပါတယ်။

ငလျင်လှုပ်ကြောင့် စပါးစိုက်ခင်းတွေ ပျက်စီးခဲ့ပြီး၊ ၈၀ ရာခိုင်နှုန်းလောက်မှာ မြေကြီးတွေအက်ကျန်ခဲ့ပါတယ်။

အဲဒီနေရာမှာ စပါးစိုက်ပျိုးရေးကို စီမံခန့်ခွဲတဲ့ ပြည်သူ့အဖွဲ့တစ်ဖွဲ့က ပြုပြင်‌ရေးလုပ်ငန်းတွေမှာ ပါဝင်ခဲ့ကြပါတယ်။

အသက်အရွယ်ကြီးရင့်လာကြတာကြောင့် လယ်သမားတွေ ရှားပါးလာချိန်မှာ စပါးစိုက်ပျိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လယ်ကွင်းပိုင်ဆိုင်မှုစနစ်ကို စတင်သုံးစွဲခဲ့ပါတယ်။ အဲဒီ အစီအစဉ်အရ စပါးစိုက်ပျိုးဖို့အတွက် အဖွဲ့ဝင်‌တွေက အခကြေးငွေ ပေးဆောင်ရပါတယ်။

ပြန်လည်ပြုပြင်ထားတဲ့ လယ်ကွင်းတချို့မှာ စိုက်ပျိုးဖို့အတွက် ဂျပန်နိုင်ငံတစ်ဝန်းက အဖွဲ့ဝင်တွေ စနေနေ့မှာ စုဝေးခဲ့ကြပါတယ်။ သူတို့က Noto ဒေသမှာ အဓိက စိုက်ပျိုးတဲ့ စပါးပျိုးပင်တွေကို ကိုယ်တိုင် စိုက်ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံအနောက်ပိုင်း Shiga ခရိုင်က အသက် ၃၀ တန်း အရွယ် အမျိုးသားတစ်ဦးက ပိုင်ရှင်တစ်ဦးအနေနဲ့ သူရဲ့ပါဝင်မှုက စပါးခင်းတွေ ပြန်လည်ထူထောင်ရာမှာ ကူညီပေးမယ်ဆိုရင် ပျော်ရမှာဖြစ်ပါတယ်လို့ ပြောပါတယ်။