အမေရိကန်ရေတပ်ဖျက်သင်္ဘော ထိုင်ဝမ် ရေလက်ကြားကိုဖြတ်သန်း

အမေရိကန်ရေတပ်ဖျက်သင်္ဘောတစ်စီး ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခဲ့တယ်လို့ အမေရိကန်ရေတပ်က ကြေညာခဲ့ပြီး တရုတ်က ကန့်ကွက်ခဲ့ပါတယ်။

ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Halsey ဟာ ထိုင်ဝမ်ရေလက်ကြားကို ဗုဒ္ဓဟူးနေ့က ဖြတ်သန်းခဲ့ကြောင်း အမှတ် ၇ အမေရိကန် ရေယာဉ်အုပ်စုက ပြောပါတယ်။

ထိုင်ဝမ်အပေါ် တရုတ်က စစ်ရေးအရ ဖိအားတွေ ပိုပေးလာနေချိန်မှာ အမေရိကန်ရေတပ်က အဲဒီလို ဖြတ်သန်းမှုတွေ ပုံမှန် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုဟာ " နိုင်ငံအားလုံးအတွက် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ထိန်းသိမ်းရေးအပေါ် ထားရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်ကို သက်သေပြတာ" ဖြစ်ကြောင်း အဲဒီရေယာဉ်အုပ်စုက ပြောပါတယ်။

တရုတ်စစ်တပ်ရဲ့ အရှေ့ပိုင်းစစ်နယ်ဝန်း ကွပ်ကွဲရေးဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူက တရုတ်ရေတပ်နဲ့လေတပ်တွေဟာ ထိုင်ဝမ်ရေလက်ကြားအတွင်း အဲဒီဖြတ်သန်းမှုတစ်ခုလုံးကို စောင့်ကြည့်ပြီး တပ်လှန့်ထားတယ် လို့ ဖော်ပြထားတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာအပြင် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ အဲဒီ ကြေညာချက်ထဲမှာ ကတိပြုထားပါတယ်။

ထိုင်ဝမ်မှာ သမ္မတသစ် Lai Ching-te က မေလ ၂၀ ရက်နေ့ကစပြီး ရာထူးထမ်းဆောင်ဖို့ ရှိပါတယ်။ တရုတ်က သူ့ကို ခွဲထွက်ရေးသမားအဖြစ် ရှုမြင်နေပါတယ်။