၂၀၄၀ မှာ နိုင်ငံတွင်း မှတ်ဉာဏ်ချို့ယွင်းတဲ့သက်ကြီးရွယ်အို ၅.၈၄ သန်း ရှိလာမယ်လို့ ဂျပန် ခန့်မှန်း

ဂျပန်အစိုးရက ၂၀၄၀ ပြည့်နှစ်ရောက်တဲ့အခါ နိုင်ငံတွင်းမှာ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါခံစားရတဲ့ သက်ကြီးရွယ်အို ၅.၈၄ သန်း ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုလူဦးရေ စုစုပေါင်းရဲ့ ၆.၇ ဦးမှာ ၁ ဦးဖြစ်ပါတယ်။

အဲဒီအသက်အရွယ်အုပ်စုရဲ့ ၁၅ ရာခိုင်နှုန်းလောက်ဟာ ၂၀၄၀ ပြည့်နှစ်မှာ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ ရှိလိမ့်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သုတေသနအဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဒီခန့်မှန်းချက်ဟာ ဂျပန်က ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ ၄ ခုရဲ့ စိတ်မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါဖြစ်ပွားနှုန်း သုတေသနရလဒ်တွေအပေါ်အခြေခံထားတာ ဖြစ်ပါတယ်။

တစ်ဦးတည်းနေထိုင်နေရတဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါဝေဒနာရှင်အရေအတွက်ဟာ နောက်ပိုင်းမှာ ပိုများလာမယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ မိသားစုအထောက်အပံ့ဟာ အကန့်အသတ်နဲ့ပဲရှိတာကြောင့်ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ သူတို့ကိုပံ့ပိုးကူညီပေးဖို့ အရေးတကြီး ဆောင်ရွက်သင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။