Toyota ရဲ့အမြတ်ငွေ စံချိန်တင်များပြား

Toyota Motor ရဲ့၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအုပ်စုကနေရတဲ့အမြတ်ငွေဟာ ဂျပန်ယန်း ၅ ထရီလီယံကျော် ရှိခဲ့ပြီး စံချိန်တင်များပြားခဲ့ပါတယ်။ ဒါဟာ ဈေးကွက်ဝင်ဂျပန်ကုမ္ပဏီတစ်ခုအတွက် အခုအထိ အများဆုံးကိန်းဂဏန်းဖြစ်ပါတယ်။

လုပ်ငန်းကနေရတဲ့အမြတ်‌ဟာ ‌၂၀၂၂ ဘဏ္ဍာရေးနှစ်ကထက် နှစ်ဆနီးပါးရှိခဲ့ပြီး ဂျပန်ယန်း ၅.၃ ထရီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၃၄.၅ ဘီလီယံလောက်ရှိခဲ့ပါတယ်။

hybrid ကားတွေရောင်းအားကောင်းလာတာနဲ့ ယန်းငွေတန်ဖိုး အားပျော့လာတဲ့ သက်ရောက်မှုတွေက အဓိကအကြောင်းရင်းတွေ ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ hybrid ကား ရောင်းအားဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်ကထက် ၃၁.၁ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။ ယန်းငွေတန်ဖိုးကျနေတာက အမြတ်ငွေကို ၆၈၅ ဘီလီယံယန်း တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ လောက် တက်လာစေခဲ့ပါတယ်။

Toyota အုပ်စုမှာ Daihatsu နဲ့ Hino တို့ ပါဝင်ပါတယ်။

Toyota ရဲ့ အသားတင်အမြတ်ငွေက နှစ်ဆကျော်ရှိခဲ့ပြီး ယန်း ၄.၉ ထရီလီယံကျော် တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံနီးပါး ရှိကာ အခုအထိ အများဆုံးဖြစ်ပါတယ်။

ရောင်းအားက အခုအထိမှာ အမြင့်ဆုံးအဆင့် ဖြစ်သွားကာ ၂၁ ရာခိုင်နှုန်း တက်လာခဲ့ပြီး ယန်း ၄၅ ထရီလီယံကျော် တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၂၉၀ ဘီလီယံလောက်အထိ ရှိခဲ့ပါတယ်။