နည်းဗျူဟာမြောက် နျူကလီးယားလက်နက် စစ်ရေးလေ့ကျင့်မှုပြုလုပ်ဖို့ ရုရှားသမ္မတ အမိန့်ထုတ်

နည်းဗျူဟာမြောက်နျူကလီးယားလက်နက် အသုံးပြုမှု ပုံစံတူလေ့ကျင့်ခန်းအတွက် ပြင်ဆင်မှုတွေလုပ်ဖို့ သမ္မတ Vladimir Putin က အမိန့်ထုတ်ထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတွေက တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။ တိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့ ဗျူဟာမြောက်အမျိုးအစားမဟုတ်တဲ့ နျူကလီးယားလက်နက်တွေရဲ့ အဆင်သင့်ဖြစ်မှုကို ထားရှိလိုတယ်လို့ သူတို့က ပြောပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုမှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ဖွဲ့ဝင်တွေ ပါဝင်မယ်လို့ ဝန်ကြီးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလေ့ကျင့်မှုဟာ အနောက်နိုင်ငံတချို့က အရာရှိတွေရဲ့ ရန်စပြောဆိုမှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တာဖြစ်တယ်လို့ သူတို့က ပြောပါတယ်။ ရုရှားရဲ့ နယ်မြေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာကို အာမခံလိုတယ်လို့ သူတို့က ဆိုပါတယ်။

ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အနောက်နိုင်ငံခေါင်းဆောင်တချို့ဟာ ယူကရိန်းသို့ လက်နက်ကိုင်တပ်တွေကို စေလွှတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ပြောဆိုနေခဲ့တယ်လို့ သူက ဆိုပါတယ်။ “တင်းမာမှုတွေ အရှိန်မြင့်တက်လာရာမှာ ဒီဟာက လုံးဝအသစ်အဆန်းတစ်ခုပဲ” လို့ သူက ဆိုပါတယ်။

ယူကရိန်းစစ်ထောက်လှမ်းရေးဌာန ပြောရေးဆိုခွင့်ရှိသူ Andriy Yusov က ရုရှားရဲ့ အစီအစဉ်တွေကို ရှုတ်ချခဲ့ပါတယ်။ “နျူကလီးယား ခြိမ်းခြောက်မှု” ဟာ Putin အစိုးရရဲ့ အမြဲလုပ်နေတဲ့ အကျင့်တစ်ခုဖြစ်တယ်လို့ သူက ပြောပါတယ်။