Inoue Naoya က Luis Nery ကို အလဲထိုးပြီး super bantamweight လက်ဝှေ့ချန်ပီယံဘွဲ့ကို ထိန်းထားနိုင်ခဲ့

တနင်္လာနေ့က တိုကျိုမှာ ပြုလုပ်တဲ့ super bantamweight တန်း လက်ဝှေ့ဗိုလ်လုပွဲရဲ့ ဆဋ္ဌမအချီမှာ ဂျပန်လက်ဝှေ့သမား Inoue Naoya ဟာ မက္ကဆီကိုလက်ဝှေ့သမား Luis Nery ကို ဒိုင်ပွဲရပ်နဲ့ အလဲထိုးအနိုင်ရခဲ့ပြီး အဲဒီလက်ဝှေ့တန်းအတွက် အငြင်းပွားဖွယ် မရှိတဲ့ ချန်ပီယံဘွဲ့ကို ပထမဆုံးအကြိမ် ထိန်းထားနိုင်ခဲ့ပါတယ်။

Inoue ဟာ တခြား weight တန်းကွဲမှာ အငြင်းပွားဖွယ် မရှိတဲ့ ချန်ပီယံဖြစ်လာပြီးနောက် ပြီးခဲ့တဲ့နှစ်က super bantamweight တန်းရဲ့ အဓိကဆု ၄ ဆုလုံးကို ဆွတ်ခူးရရှိခဲ့ပါတယ်။ Nery ဟာ weight တန်း ၂ တန်းရဲ့ ကမ္ဘာ့ချန်ပီယံဟောင်း ဖြစ်ပါတယ်။

ပထမအချီမှာ Nery ဟာ ဘယ်ဝိုက်လက်သီးနဲ့ Inoue ကို အလဲထိုးခဲ့ပါတယ်။ ဒါပေမဲ့ Inoue ဟာ ပြန်ထပြီး နောက်အချီမှာ Nery ကို ဘယ်ဝိုက်လက်သီးနဲ့ အလဲထိုးခဲ့ပါတယ်။ Inoue ဟာ ပဉ္စမအချီမှာလည်း သူ့ပြိုင်ဘက်ကို နောက်တစ်ကြိမ် ဘယ်ဝိုက်လက်သီးနဲ့ အလဲထိုးခဲ့ပြန်ပါတယ်။

ဆဋ္ဌမအချီမှာတော့ Inoue ဟာ Nery ကို ထောင့်ပိတ်ပြီး ညာဖြောင့်လက်သီးနဲ့ အလဲထိုးနိုင်ခဲ့ပါတယ်။