စိုင်းတာမ ခရိုင်က ကြီးမားတဲ့ ငါးကြင်းပုံ တံခွန်ကြီးကို ကြည့်ရှုသူတွေ ရင်သပ်ရှုမောဖြစ်နေကြ

မေလ ၅ ရက်နေ့မှာကျရောက်တဲ့ ကလေးများနေ့အတွက် ရောင်စုံငါးကြင်းပုံ တံခွန်တွေကို ဂျပန်နိုင်ငံတစ်ဝန်းမှာ လွှင့်ထူထားကြပါတယ်။ အဲဒီ တံခွန်တွေထဲက အကြီးဆုံးတစ်ခုကို ကြည့်ချင်ရင်တော့ စိုင်းတာမ ခရိုင်က Kazo မြို့မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

သောကြာနေ့မှာ ဒေသခံတွေက ကရိန်းကိုသုံးပြီး အဲဒီငါးကြင်းပုံတံခွန်ကြီးကို လွှင့်တင်ခဲ့ပါတယ်။ တံခွန်ကြီးဟာ မီတာ ၁၀၀ ရှည်ပြီး ကီလိုဂရမ် ၃၃၀ အလေးချိန်ရှိပါတယ်။

မနက်ပိုင်းမှာတော့ လေတိုက်အား အတော်နည်းနေခဲ့ပါတယ်။ ဒါပေမဲ့ နေ့ခင်းဘက်ရောက်တဲ့အခါတော့ ငါးကြင်းကြီးက ‌လေမှာစပြီး လွင့်မျောလာခဲ့ပြီး လာ‌ရောက်ကြည့်ရှုသူတွေက သဘောကျနေကြပါတယ်။

Kazo မြို့ဟာ ငါးကြင်းပုံ တံခွန်တွေ ထုတ်လုပ်မှုနဲ့ နာမည်ကြီးပါတယ်။