ဂျပန့် အာဏာရပါတီနဲ့ အာဆီယံက တာဝန်ရှိသူတွေ သိပ္ပံနဲ့နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ

ဂျပန်နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့ဟာ သိပ္ပံနဲ့နည်းပညာနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်လာစေဖို့အတွက် လူငယ်သုတေသနပညာရှင်တွေအကြား ဖလှယ်မှုတွေ တိုးမြှင့်ပြီး သုတေသနဆိုင်ရာ အခြေစိုက်နေရာတွေ အားကောင်းအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဂျပန်နိုင်ငံ အဓိက အာဏာရပါတီ LDP ရဲ့ အလုပ်အမှုဆောင်တစ်ဦးက ASEAN အကြီးတန်းအရာရှိတစ်ဦးကို အတည်ပြု ပြောကြားလိုက်ပါတယ်။

Liberal Democratic Party မူဝါဒဆိုင်ရာ သုတေသနကောင်စီ ဥက္ကဋ္ဌ Tokai Kisaburo ဟာ အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ ASEAN ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် Satvinder Singh နဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။

ASEAN နဲ့ ဂျပန်နိုင်ငံတို့ဟာ နှစ်ပေါင်းများစွာ ယုံကြည်မှုနဲ့ ခိုင်မြဲတဲ့ ဆက်ဆံရေးကို တည်ဆောက်လာခဲ့ပြီး စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ တန်ဖိုးတွေကို ဖန်တီးဖို့အတွက် အနီးကပ် လုပ်ဆောင်လာခဲ့တယ်လို့ မစ္စတာ Tokai က မစ္စတာ Singh ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဂျပန်နဲ့အာဆီယံ မိတ်ဖက်ဆက်ဆံရေး နှစ် ၅၀ ပြည့်တဲ့အနေနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်ဖို့ သူတို့ နှစ်ဦး သဘောတူခဲ့ကြပါတယ်။