၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် JAL Group အသားတင်အမြတ်ငွေ မြင့်တက်

မတ်လမှာ ကုန်ဆုံးခဲ့တဲ့ ဘဏ္ဍာရေးနှစ်အတွက် အသားတင်အမြတ်ငွေ သိသိသာသာ မြင့်တက်လာတယ်လို့ JAL Group က အစီရင်ခံလိုက်ပါတယ်။

အဲဒီအဖွဲ့က သူ့ရဲ့ စုပေါင်းဘဏ္ဍာရေးရလဒ်တွေကို ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အစီရင်ခံတဲ့နှစ်အတွက် သူ့ရဲ့ဝင်ငွေဟာ ဂျပန်ယန်းငွေ ၁.၆၅ ထရီလီယံ လောက် တစ်နည်းအားဖြင့် အမေရိကန် ဒေါ်လာ ၁၀.၇ ဘီလီယံ လောက် ရှိတယ်လို့ ဆိုပါတယ်။ ယန်းငွေနဲ့ ပြောမယ်ဆိုရင် ၂၀၂၂ ဘဏ္ဍာရေးနှစ်ကထက် ၂၀ ရာခိုင်နှုန်း တိုးလာတာ ဖြစ်ပါတယ်။

JAL Group ရဲ့ အသားတင်အမြတ်ငွေဟာ ဒေါ်လာ ၆၂၁ သန်းလောက်ရှိတယ်လို့ ဆိုပါတယ်။ အဲဒါဟာ ၂.၇ ဆ မြင့်တက်တာလို့ ဆိုရပါမယ်။

ဂျပန်ကို အလည်အပတ်လာရောက်လိုသူတွေ တိုးလာနေတဲ့အကြား နိုင်ငံတကာခရီးသွားတွေဆီကရတဲ့ ၀င်ငွေဟာ ၁.၅ ဆ တိုးလာတယ်လို့ အဲဒီအဖွဲ့က သတ်မှတ်ခဲ့ပါတယ်။

နိုင်ငံတကာခရီးသွားတွေအတွက် ထောက်ပံ့ရေး-ဝယ်လိုအားချိန်ခွင်လျှာဟာ ဆက်ပြီး ကျပ်တည်းနေဦးမယ်လို့ မျှော်လင့်ထားတာကြောင့် လက်ရှိဘဏ္ဍာရေးနှစ်အတွက် အဖွဲ့ရဲ့ အသားတင်အမြတ်ငွေဟာ ယန်း ၁၀၀ ဘီလီယံ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာသန်း ၆၅၀ အထိ တိုးလာမယ်လို့ JAL Group က ပြောပါတယ်။