မြောက်ကိုရီးယားက အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဂျပန်လူမျိုးတွေရဲ့ ဆွေမျိုးသားချင်းတွေက အမေရိကန်အရာရှိတွေကို အကူအညီတောင်း

မြောက်ကိုရီးယားက အဓမ္မဖမ်းဆီးခေါ်‌ဆောင်သွားတဲ့ ဂျပန်လူမျိုးတွေရဲ့ ဆွေမျိုးသားချင်းတွေက ကျန်ရှိနေသေးတဲ့ ဖမ်းဆီး‌ခေါ်ဆောင်ခံရသူအားလုံး နေရပ်ပြန်လာနိုင်အောင် ကူညီပေးဖို့ အမေရိကန်အစိုးရ အကြီးတန်း အရာရှိတွေကို တောင်းဆိုခဲ့ပါတယ်။

အဲဒီဆွေမျိုးသားချင်းတွေအဖွဲ့ထဲမှာ ၁၉၇၇ ခုနှစ် အသက် ၁၃ နှစ်အရွယ်မှာ ဖမ်း‌ဆီးခေါ်ဆောင်ခြင်းခံခဲ့ရတဲ့ မီးစ် Megumi ရဲ့ မောင်ဖြစ်သူ မစ္စတာ Yokota Takuya နဲ့ သူ့အသက်တစ်နှစ်အရွယ်တုန်းက မိခင်ဖြစ်သူ Taguchi Yaeko ကို ဖမ်းဆောင်ခေါ်ဆောင်သွားတာခံခဲ့ရတဲ့ မစ္စတာ Iizuka Koichiro တို့ ပါဝင်ပါတယ်။

အဲဒီအဖွဲ့ဟာ အင်္ဂါနေ့က ဝါရှင်တန်မှာ နိုင်ငံခြားရေးရာဝန်ကြီးဌာနရဲ့ အရပ်ဘက်လုံခြုံရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်ဝန်ကြီး Uzra Zeya နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ဟာ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Kritenbrink ၊ အထက်လွှတ်တော်အမတ် Bill Hagerty တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မစ္စတာ Yokota က သူ့မိခင် Sakie ရဲ့ ဓာတ်ပုံကို အရာရှိတွေကို ပြသခဲ့ပြီး သူတို့ရဲ့ အကူအညီကို တောင်းခံခဲ့တယ်လို့ တွေ့ဆုံပွဲတွေအပြီးမှာသတင်းထောက်တွေကို ပြောပြပါတယ်။ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူတွေရဲ့ အိုမင်းလာပြီဖြစ်တဲ့မိဘတွေအတွက် အချိန်အနည်းငယ်သာ ကျန်တော့တယ်လို့ သူက မှတ်ချက်ပြုခဲ့ပြောကြားခဲ့ပါတယ်။