အမေရိကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာ ယန်းငွေတန်ဖိုး ၁၅၈ ယန်းအဆင့်ကို ကျဆင်းပြီး ၃၄ နှစ်အတွင်း အနိမ့်ဆုံးဖြစ်လာ

ဂျပန်ဗဟိုဘဏ် (BOJ) က ငွေကြေးမူဝါဒ မပြောင်းလဲဘဲ ထားဖို့ ဆုံးဖြတ်ပြီးနောက် နယူးယောက်မှာ အမေရိကန်ဒေါ်လာနဲ့ လဲလှယ်တဲ့ ဂျပန်ယန်းငွေတန်ဖိုးဟာ ၁၅၈ ယန်းအတိုင်းအတာကို ကျဆင်းသွားခဲ့ပြီး ၁၉၉၀ ပြည့်နှစ် မေလနောက်ပိုင်း မကြုံစဖူးအဆင့်ကိုရောက်လာခဲ့ပါတယ်။

BOJ ရဲ့ ဆုံးဖြတ်ချက်အပြင် နောက်ပိုင်းမှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥက္ကဋ္ဌ Ueda Kazuo ပြောကြားခဲ့တဲ့ မှတ်ချက်တွေကြောင့် မကြာခင်ကာလအတွင်း ဂျပန်ဗဟိုဘဏ်က အတိုးနှုန်းကို မြှင့်တင်မှာမဟုတ်ဘူးဆိုတဲ့ ခန့်မှန်းချက်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်အကြား အတိုးနှုန်းကွာဟမှုဟာ လောလောဆယ် ဆက်ရှိနေနိုင်တယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက ယုံကြည်နေကြပြီး အကျိုးအမြတ် ပိုများတဲ့ ဒေါ်လာကို ပြောင်းလဲဝယ်ယူနေကြပါတယ်။