EV နဲ့ ဘက်ထရီစက်ရုံသစ်တွေ ကနေဒါမှာ တည်ဆောက်မယ်လို့ Honda ကြေငြာ

Honda Motor ဟာ မြောက်အမေရိကမှာ EV လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကနေဒါမှာ လျှပ်စစ်ကားနဲ့ ဘက်ထရီစက်ရုံတွေ တည်ဆောက်မယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။ Honda ကုမ္ပဏီဟာ Ontario ပြည်နယ် Alliston မှာ လုပ်ငန်းလည်ပတ်မှုအတွက် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။

Honda Motor အကြီးအကဲ Mibe Toshihiro နဲ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့ဟာ ကြာသပတေးနေ့က အဲဒီနေရာမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

စက်ရုံသစ်တွေဟာ Honda ရဲ့ EV ထုတ်လုပ်မှုစနစ်ကို မြှင့်တင်ပေးမှာဖြစ်တယ်လို့ မစ္စတာ Mibe က ပြောပါတယ်။ အဲဒီစီမံကိန်းအရ အနီးနားမှာရှိပြီးသား စက်ရုံတွေမှာ EV နဲ့ ဘက်ထရီစက်ရုံတွေကို တည်ဆောက်မယ့်အစီအစဉ်တွေ ပါဝင်ပါတယ်။

Alliston မှာ တစ်နှစ်ကို ကားအစင်းရေ ၂၄၀,၀၀၀ အထိ ထုတ်လုပ်ဖို့ Honda က မျှော်မှန်းထားပါတယ်။ အဲဒီထုတ်လုပ်မှုကို ၂၀၂၈ ခုနှစ်မှာ စတင်ဖို့ စီစဉ်ထားပါတယ်။