ယူကရိန်းကို စစ်ရေးအကူအညီ ချက်ချင်းပေးမယ်လို့ အမေရိကန် သမ္မတ ကတိပြု

အမေရိကန်သမ္မတ Joe Biden က ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံကျော်တန်ဖိုးရှိတဲ့ ထောက်ပံ့မှုပါဝင်တဲ့ နိုင်ငံရပ်ခြားအကူအညီအစီအစဉ်တစ်ခုကို ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ လနဲ့ချီတဲ့ ငြင်းခုံမှုတွေ အပြီးမှာ လွှတ်တော်အမတ်တွေက ဒါကို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

သမ္မတ Biden က အဲဒီ ဆောင်ရွက်မှုတွေဟာ အမေရိကနဲ့ ကမ္ဘာကြီးကို ပိုမိုလုံခြုံစေတယ်လို့ အိမ်ဖြူတော်မှာ ပြောကြားခဲ့ပါတယ်။

မစ္စတာ Biden က ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိတဲ့ သံချပ်ကာယာဉ်တွေ၊ လေကြောင်းရန်ကာကွယ်ရေး၊ အမြောက်နဲ့ ဒုံးလက်နက်စနစ်တွေအတွက် ခဲယမ်းမီးကျောက်တွေ အရင်ဆုံးတင်ပို့ဖို့ အတည်ပြုခဲ့ပါတယ်။ ပေးပို့မှုတွေ "ချက်ချင်း" စတင်ရေး သေချာစေမယ်လို့ သူကပြောကြားခဲ့ပါတယ်။

ယူကရိန်းခေါင်းဆောင်တွေက ဆုံးရှုံးခဲ့ရတဲ့အချိန်တွေအတွက် ပြန်လည်ဖြည့်ဆည်းဖို့ အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ယူကရိန်း သမ္မတ Volodymyr Zelenskyy က "Putin ရဲ့ခြေဖဝါးအောက်က ရပ်တည်စရာနေရာကို ဖယ်ရှားပစ်ဖို့ လိုအပ်တယ်လို့ ခံစားကြတဲ့ သမ္မတ Biden ၊ လွှတ်တော်နဲ့ အမေရိကန်နိုင်ငံသားအားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ရုရှားခေါင်းဆောင်တွေက အဲဒီတင်ပို့မှုဟာ ရှေ့တန်းစစ်မြေပြင်က အခြေအနေတွေကို ပြောင်းလဲစေမှာမဟုတ်ဘူးလို့ ပြောပါတယ်။ အမေရိကန် လက်နက်တွေကို သိုလှောင်ထားတဲ့ အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားမယ်လို့ သူတို့က ကတိပြုထားပါတယ်။