Hokkaido ခရိုင် Hakodate က သမိုင်းဝင်ပန်းခြံထဲမှာ ချယ်ရီပန်းတွေ ပင်လုံးကျွတ် ပွင့်နေ

ဂျပန့်မြောက်ဘက်စွန်း Hokkaido ခရိုင်က Hakodate မြို့မှာရှိတဲ့ သမိုင်းဝင် ပန်းခြံတစ်ခုဖြစ်တဲ့ Goryokaku ပန်းခြံထဲမှာ ချယ်ရီပန်းတွေ ပင်လုံးကျွတ် ပွင့်နေပြီ ဖြစ်ပါတယ်။

Edo ခေတ် စာမူရိုင်းအစိုးရရဲ့ ဒေသန္တရရုံးတစ်ရုံးရှိခဲ့တဲ့ နေရာမှာ Goryokaku ပန်းခြံကို ဆောက်လုပ်ထားပါတယ်။

အဲဒီပန်းခြံကို ၁၉၁၄ ခုနှစ်မှာ အများပြည်သူအတွက် ဖွင့်လှစ်ခဲ့ချိန်မှာ ချယ်ရီပင် စုစုပေါင်း ၅,၀၀၀ စိုက်ပျိုးထားခဲ့ပါတယ်။

အဲဒီထဲက အပင်ပေါင်း ၁,၅၀၀ လောက်ဟာ ဧပြီလနှောင်းပိုင်းမှာ ပွင့်လေ့ရှိပါတယ်။
အဲဒီအပင်တွေ အင်္ဂါနေ့မှာ ပင်လုံးကျွတ် ပွင့်လိမ့်မယ်လို့‌ ဒေသန္တရ မိုးလေဝသ စောင့်ကြည့်ရေးစခန်းတစ်ခုက ကြေညာခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ခရီးသွားတွေဟာ အဲဒီပန်းတွေကို ကြည့်ရှုခဲ့ကြပါတယ်။

Hokkaido ခရိုင်၊ Sapporo မြို့က စုံတွဲ တစ်တွဲက သူတို့ဟာ ဒီပန်းခြံကို နှစ်တိုင်း လာရောက်လေ့ရှိပြီး ဒီနှစ်မှာတော့ အချိန်ကိုက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ Goryokaku ပန်းခြံက ချယ်ရီပန်းတွေဟာ ဂျပန်မှာ အလှဆုံးပဲလို့ သူတို့က ပြောပါတယ်။

အဲဒီချယ်ရီပန်းပွင့်တွေရဲ့ အလှဆုံးအနေအထားကို အခုသီတင်းပတ်ကုန်အထိ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။