တိုကျိုမြို့အနီးမှာ စိုက်ပျိုးရေးသမားတွေ လက်ဖက်ရွက်တွေ စတင်ခူးဆွတ်

တိုကျိုမြို့အနီးက စိုက်ပျိုးရေးသမားတွေက အခုနှစ်ရဲ့ လက်ဖက်ရွက်တွေကို စပြီး ခူးဆွတ်ခဲ့ကြပါတယ်။

Sayama မြို့ရဲ့ အထူးထွက်ကုန်ကတော့ ဂရင်းတီး လက်ဖက်ခြောက် ဖြစ်ပါတယ်။ ဒေသခံ စိုက်ပျိုးရေးသမားတစ်ဦးရဲ့ မိသားစုတွေနဲ့ အိမ်နီးချင်းတွေက “Fukumidori” လို့ခေါ်တဲ့ လက်ဖက်တစ်မျိုးရဲ့ ပုရစ်ဖူးတွေကို စပြီး ခူးဆွတ်ခဲ့ကြပါတယ်။

အခုလမှာ ပူနွေးတဲ့မိုးလေဝသ ဆက်လက်ဖြစ်ပေါ်နေတာကြောင့် ဒီယာခင်းအနေနဲ့ အခုနှစ်အတွက် ပုံမှန်ပမာဏ ရရှိနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

စိုက်ပျိုးရေးသမား Okutomi Masahiro က "မတ်လမှာ အေးခဲ့တာကြောင့် လက်ဖက်ရွက်သစ်တွေ ကြီးထွားလာဖို့ စိုးရိမ်နေခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အပူချိန်မြင့်တက်၊ မိုးရွာလာလို့ ဒီလက်ဖက်ရွက်တွေကနေ အရသာရှိတဲ့ လက်ဖက်ခြောက် ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။

Sayama အမှတ်တံဆိပ် ဂရင်းတီး လက်ဖက်ခြောက်ကို Saitama ခရိုင် အနောက်ဘက်က တခြားမြို့တွေမှာလည်း စိုက်ပျိုးကြပါတယ်။

မေလ ၁ ရက်နေ့ကနေ လက်ဖက်ခူးတဲ့ရာသီ အပြည့်အ၀ စတင်မှာဖြစ်ပါတယ်။