Digital reality နယ်ပယ်မှာ Live music ပိုပြီး လက်တွေ့ကျလာနေ

လက်တွေ့ကျအောင် ပေါင်းစပ် headset တွေနဲ့ တခြားနည်းပညာတွေရဲ့ တိုးတက်မှုတွေဟာ လက်တွေ့နဲ့ ဒစ်ဂျစ်တယ် နယ်ပယ်တွေမှာ live music လို့ခေါ်တဲ့ တိုက်ရိုက်ဂီတဖျော်ဖြေမှုကို တွေ့ကြုံခံစားမှု အဆင့်သစ်တစ်ခုဆီ ယူဆောင်လာခဲ့ပါတယ်။

Canon ကုမ္ပဏီက ဂီတဖျော်ဖြေမှုတွေအတွက် အံဝင်ခွင်ကျဖြစ်စေမယ့် သရုပ်မှန် ရောစပ် headset ကို တီထွင်လိုက်တယ်လို့ ဆိုပါတယ်။

အဲဒီကုမ္ပဏီက ဒီနည်းပညာမှာ တိုက်ရိုက်ဂီတဖျော်ဖြေမှုတွေမှာ ကင်မရာအလုံး ၅၀ လောက်ကို အသုံးပြုရိုက်ကူးပြီး သူတို့ရဲ့headset မှာ ရုပ်ပုံနဲ့ လျှပ်စစ်မဟုတ်တဲ့တူရိယာဆိုင်ရာ အကျိုးသက်ရောက်မှုတွေကို ပြန်လည်ထုတ်လွှတ်ပေးတယ်လို့ ဆိုပါတယ်။

Canon က ဒီထုတ်ကုန်ဟာ လက်ရှိရရှိနိုင်တဲ့ နည်းပညာတွေထက် ပိုပြီးလက်တွေ့ကျတဲ့ အသေးစိတ်အနေအထားတွေကို တိုက်ရိုက်ခံစားမှု ပေးတယ်လို့ ပြောပါတယ်။
Canon ရဲ့ တာဝန်ရှိသူ Muraki Junya က "ဒီနည်းပညာဟာ အသုံးပြုသူတွေကို ပုံမှန်ဆိုရင် ဂီတဖျော်ဖြေပွဲခန်းမမှာပဲ ရနိုင်တဲ့ ဂီတအတွေ့အကြုံတစ်ခုကို ရနိုင်စေတယ်။ ဒီနည်းပညာကို ပညာရေးနဲ့ ဖျော်ဖြေရေးတွေမှာ အသုံးချနိုင်မယ်လို့ ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

အလားတူ ဖြစ်ပေါ်တိုးတက်မှုတစ်ခုကတော့ တိုကျိုက Toranomon Hills အဆောက်အအုံမှာ ထိုင်ခုံ ၃၀၀ ပဲဆန့်တဲ့ သံစုံတီးဝိုင်း ဖျော်ဖြေရေးခန်းမတစ်ခုဖြစ်ပေမဲ့ digital twin လို့ခေါ်တဲ့ နည်းပညာနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။

အဲဒါကြောင့် အွန်လိုင်းကနေ တိုက်ရိုက်တင်ဆက်မှုတွေကို လူပေါင်း ၁၀,၀၀၀ လောက်က metaverse လို အနေအထားနဲ့ ကြည့်ရှုနိုင်ပါတယ်။
ဒစ်ဂျစ်တယ်ပုံစံနဲ့ ကြည့်ရှုသူတွေဟာ ဖျော်ဖြေပွဲအတွက် သူတို့ရဲ့ ထိုင်ခုံနေရာတွေကိုတောင် ရွေးချယ်နိုင်ပါတယ်။

မတ်လမှာ ဖွင့်လှစ်ခဲ့တဲ့ အဲဒီခန်းမကို ကြေးနန်းဆက်သွယ်ရေးကုမ္ပဏီ KDDI နဲ့ Mori Building ကုမ္ပဏီတို့ ပူးပေါင်းပြီး စီမံခန့်ခွဲနေပါတယ်။