NHK နှင့်ပတ်သက်၍

NHK ဟာ ဂျပန်နိုင်ငံမှာရှိတဲ့ တစ်ခုတည်းသော အများနှင့်ဆိုင်တဲ့ အသံလွှင့်လုပ်ငန်း ဖြစ်ပါတယ်။
၁၉၂၅ ခုနှစ်က စတင်ပြီး အသံလွှင့်အစီအစဉ်များကို ထုတ်လွှင့်ခဲ့ပါတယ်။ အစိုးရ (သို့) ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုခုရဲ့  သြဇာလွှမ်းမိုးမှု ကင်းလွတ်ပြီး၊ မျှတမှန်ကန်တဲ့ အသံလွှင့်ချက်တွေကို ထုတ်လွှင့်နေပြီး သောတရှင်ပရိသတ်များရဲ့ သဘောထားတွေကို ဦးစားပေးနိုင်ဖို့အတွက် ရုပ်မြင်သံကြား ပိုင်ဆိုင်ထားတဲ့အိမ်ထောင်စုတိုင်းမှ ထည့်ဝင်ကြတဲ့ အသံလွှင့်ကြေးအပေါ်အခြေခံပြီး လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။
ယခုလက်ရှိအချိန်မှာ NHK ကနေ ရုပ်မြင်သံကြားလိုင်း ၄လိုင်း နဲ့ ရေဒီယို အသံလွှင့်ဌာန ၃လိုင်း တို့ကို ဂျပန်မှာ ထုတ်လွှင့်နေပါတယ်။ ရသ၊ကဏ္ဍစုံ ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားလိုင်း နဲ့ ပညာရေးအစီအစဉ် ရုပ်မြင်သံကြားလိုင်းတို့ဟာ မြေစိုက်ရုပ်မြင်သံကြား ဝန်ဆောင်မှုရဲ့ အဓိကမဏ္ဍိုင်တွေ ဖြစ်ပြီး၊ ရေဒီယို အသံလွှင့်ဌာန ၃ခု ကနေ သတင်း၊ ပညာရေးနဲ့ မိသားစု စိတ်အပန်းဖြေနိုင်တဲ့ အစီအစဉ် အမျိုးမျိုး ကို ထုတ်လွှင့်တင်ဆက်နေပါတယ်။ ဂြိုဟ်တု ရုပ်မြင်သံကြားလိုင်း ၂လိုင်း ကနေလည်း ရသ၊ကဏ္ဍမျိုးစုံ ပါဝင်တဲ့ အစီအစဉ်အမျိုးမျိုးကို ပုံစံမျိုးစုံ ပြောင်းလဲ ထုတ်လွှင့်နေပါတယ်။NHK WORLD-JAPAN နိုင်ငံတကာ ရုပ်သံလွှင့် လုပ်ငန်းကနေ သတင်းနဲ့အစီအစဉ်တွေကို ဝန်ဆောင်မှုပေးနေပါတယ်။

NHK WORLD-JAPAN အကြောင်း

NHK WORLD-JAPANဆိုတာ NHK ရဲ့ နိုင်ငံတကာအတွက် အသံလွှင့်နေတဲ့ ဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပြီး ဘာသာစကား ၁၇ မျိုးနဲ့ ထုတ်လွှင့်နေပါတယ်။ ယခုအသံလွှင့် ဌာန ကနေ နိုင်ငံတကာ ကို ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားလိုင်း ၊ ရေဒီယိုလိုင်း နဲ့ အင်တာနက် ပေါ်မှာ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်နေပါတယ်။

NHK WORLD-JAPANရဲ့ ရည်ရွယ်ချက်များ

  • နိုင်ငံတကာက သောတရှင်တွေအတွက် ဂျပန်ပြည်တွင်းနဲ့ ပြည်ပကသတင်းတွေကို တိကျမြန်ဆန်စွာ ထုတ်လွှင့်ရန်။
  • NHK ရဲ့နိုင်ငံခြားသတင်းကွန်ရက်တွေကနေ အာရှဒေသအားလုံးရဲ့သတင်းစုံကို တင်ဆက်ပေးရန်။
  • ရာဇဝတ်မှုနဲ့ မတော်တဆဖြစ်မှု၊ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာချိန်မှာ အသက်ကယ်လိုင်းအဖြစ် တာဝန်ယူရန်။
  • ဂျပန်နိုင်ငံရဲ့လူမှုဘဝ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ သိပ္ပံ၊ နည်းပညာ၊ အခြေအနေတွေ၊ နိုင်ငံတကာမှာ ဖြစ်နေတဲ့ ပြဿနာတွေအပေါ် ဂျပန်နိုင်ငံရဲ့သဘောထားစတာတွေကို တိကျမြန်ဆန်စွာ တင်ဆက်ရန်။
  • ဂျပန်နဲ့ အခြားနိုင်ငံတွေအကြား အပြန်အလှန် နားလည်မှုရှိရန်၊ ချစ်ကြည်ရင်းနှီးမှုရှိရန်အတွက် ကြိုးပမ်းအားထုတ်ရန်။

NHK WORLD-JAPANရဲ့ ဝန်ဆောင်မှုများ

TV
သတင်းအချက်အလက်တွေနဲ့ ရသစုံ အစီအစဉ်တွေကို အင်္ဂလိပ်ဘာသာနဲ့ (၂၄) နာရီ ပတ်လုံး ထုတ်လွှင့်တင်ဆက်နေပါတယ်။
အစီအစဉ်တွေကို ဂြိုဟ်တုနဲ့ အပြင် ကေဘယ်လိုင်း ရုပ်မြင်သံကြားထုတ်လွှင့်မှု နဲ့ အင်တာနက်စာမျက်နှာ ကနေ အစီအစဉ်တွေကို အားပေးနိုင်ပါတယ်။
Radio
ယခု ရေဒီယို ဝန်ဆောင်မှု ကနေ ဘာသာစကား ၁၇ မျိုးနဲ့ ကမ္ဘာတစ်ဝန်းကို ထုတ်လွှင့်နေပါတယ်။ လှိုင်းတို၊ လှိုင်းလတ်၊ FM ၊ဂြိုဟ်တု ရေဒီယိုနဲ့ အင်တာနက် စတဲ့ နည်းလမ်းမျိုးစုံနဲ့ သတင်းနဲ့ အစီအစဉ်တွေကို နားဆင်ကြည့်ရှု နိုင်ပါတယ်။
INTERNET
NHK WORLD-JAPAN ONLINE ကနေ ရုပ်မြင်သံကြား၊ ရေဒီယို အစီအစဉ်တွေကို အဆက်မပြတ် အချိန်နဲ့တပြေးညီ ထုတ်လွှင့်နေပြီး အချိန် အတိုင်းအတာ တစ်ခု အထိ ပြန်လည် နားဆင်ကြည့်ရှုနိုင်အောင် လုပ်ထားတဲ့ သတင်းနဲ့ အစီအစဉ်တွေလည်း ရှိပါတယ်။