NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > TE ပုံစံကြိယာ အမျိုးမျိုး (သင်ခန်းစာ 9)

သင်ပေးပါဆရာမ

TE ပုံစံကြိယာ အမျိုးမျိုး (သင်ခန်းစာ 9)

ပြီးခဲ့တဲ့ သင်ခန်းစာမှာတုန်းက MASU ကြိယာပုံစံ တွေကို TE ပုံစံအခြေခံပြောင်းနည်း ကိုလေ့လာခဲ့တယ်။ လွယ်လွယ်ကူကူနဲ့ MASUကို TE ပြောင်းလိုက်ရုံပဲ ဖြစ်ပေမယ့် ဒီနေ့မှာတော့ တခြားပုံစံ ပြောင်းနည်းတွေကို လေ့လာပါမယ်။ ဒီပုံစံကတော့ MASU ကို TE ပြောင်းရုံနဲ့ မရပါဘူး။ သူ့ရဲ့အရှေ့မှာပါတဲ့ အက္ခရာတစ်လုံး ကိုပါ ပြောင်းရပါမယ်။ ATSUMARIMASU လိုမျိုး MASU ဆိုတဲ့စကားလုံး မတိုင်ခင် RI ဆိုတဲ့ စကားလုံးရှိခဲ့ရင် RIMASU ဆိုတဲ့ ၃ လုံး စလုံးကို TTE ကို ပြောင်းလိုက်ပါ။ အဲဒီတော့ ATSUMARIMASU (စုဝေးတယ်၊စုဝေးမယ်) ဆိုတာ ATSUMATTE လို့ဖြစ်သွားတယ်။ MASU ရဲ့ရှေ့မှာ I ဒါမှမဟုတ် CHI ဆိုတဲ့ စကားလုံးတွေ ပါရင်လည်း ဒီပြောင်းနည်းကို သုံးလို့ ရပါတယ်။ နောက်တစ်ခု မှတ်ထား စေချင်တာက MASU ဆိုတဲ့ စကားလုံးရှေ့မှာ MI, NI or BI ဆိုတာပါရင် အဲဒီစကားလုံးတွေနဲ့ MASU ကို NDE လို့ ပြောင်းလိုက် ရတယ်။ ဥပမာ YOMIMASU (ဖတ်တယ်၊ဖတ်မယ်) ဆိုတာက YONDE လို့ ဖြစ်သွားပါတယ်။
MASU ဆိုတဲ့ စကားလုံး မတိုင်ခင် KI ဆိုတာ လာခဲ့ ရင်တော့ အဲဒါကို ITE လို့ ပြောင်းပေး ရပါတယ်။ ဒီတော့ KIKIMASU (နားထောင်တယ်၊ နားထောင်မယ်) ဆိုတာက KIITE ဖြစ်သွားပါတယ်။ MASU ရဲ့ရှေ့မှာ GI ပါရင် အဲဒါကို IDE လို့ပြောင်းရပါတယ်။ ISOGIMASU (အရင်လိုတယ်၊ အရင်လိုမယ်၊ လောတယ်၊ လောမယ်) ဆိုတာက ISOIDE လို့ဖြစ်သွားပါတယ်။ IKIMASU(သွားတယ်၊ သွားမယ်) ဆိုတာကတော့ ခုပြောနေတဲ့ စည်းကမ်းတွေနဲ့ မကိုက်ပါဘူး။ ချွင်းချက်အနေနဲ့ ITTE ဖြစ်သွားပါတယ်။ သီချင်းလေးကို နားထောင်ပြီး အဲဒီချွင်းချက် စကားလုံးတွေကို မှတ်သားပါ။ ဒီသီချင်းလေးက MASU ရှေ့မှာ ပါတဲ့ စကားလုံးတွေနဲ့ လိုက်ပြောင်းတဲ့ MASU ပုံစံကို TE ပုံစံဖြစ်အောင် ဘယ်လိုပြောင်းရမယ် ဆိုတာကို သီဆိုထားတာပါ။
လေ့လာသင်ကြားရေး အထောက်အကူပြုပစ္စည်းများ စာမျက်နှာကို ကြည့်ပါ။
NHK website ကနေထွက်ပါမယ်။