NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > ကြိယာကို အငြင်းပုံစံနဲ့ မေးခွန်းပုံစံလုပ်နည်းကိုလေ့လာပါမယ် (သင်ခန်းစာ 5)

သင်ပေးပါဆရာမ

ကြိယာကို အငြင်းပုံစံနဲ့ မေးခွန်းပုံစံလုပ်နည်းကိုလေ့လာပါမယ် (သင်ခန်းစာ 5)

MASUနဲ့ ဆုံးတဲ့ကြိယာတွေကို MASU ပုံစံကြိယာလို့ ပြောပါ တယ်။ ယဉ်ယဉ်ကျေးကျေးစကားပြောတဲ့အခါ MASU ပုံစံကိုသုံးပါတယ်။ အငြင်းဝါကျလုပ်မယ်ဆိုရင် MASU ကို MASEN လို့ပြောင်းသုံးပါ။ ဒီတာ့ YOMIMASU ဖတ်တယ်၊ ဖတ်မယ်ဆိုတာက YOMIMASEN မဖတ်ဘူးဖြစ်သွားပါမယ်။ မေးခွန်းပုံစံပြောင်းချင်ရင်လားလို့အဓိပ္ပါယ်ရတဲ့ KA ကို ဝါကျ ရဲ့အဆုံးမှာထည့်လိုက်ပြီးတော့ အသံကို မြှင့်ပြီးပြောရမယ်။ YOMIMASU ရဲ့ မေးခွန်းပုံစံက YOMIMASU KA ဖြစ်ပါတယ်။
NHK website ကနေထွက်ပါမယ်။