NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > ဂျပန်စကားပြော တိုးတက်အောင် ဘယ်လိုလုပ်ကြမယ်။ (သင်ခန်းစာ 48)

သင်ပေးပါဆရာမ

ဂျပန်စကားပြော တိုးတက်အောင် ဘယ်လိုလုပ်ကြမယ်။ (သင်ခန်းစာ 48)

ဂျပန်စကားအခြေခံကို၁နှစ်တာလေ့လာခဲ့ကြတယ်။

အဲဒီလိုလေ့လာခဲ့တဲ့ နေရာမှာ သတိပြုမိမှာပါ။ နားထောင်တဲ့သူနဲ့ ကိုယ်ရဲ့ဆက်ဆံရေး အနေအထားပေါ်မူတည်ပြီးတော့ ယဉ်ကျေးတဲ့ပုံစံ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါးပုံစံကို ရွေးချယ်ပြီးပြောကြတယ်။ အန်းနာက သူ့ရဲ့ဆရာ၊ဆရာမတွေ၊အဆောင်မှုး၊ဆာ့ခူရာနဲ့ သူ့ထက်ကြီးတဲ့သူတွေနဲ့စကား ပြောတဲ့အခါမှာ ယဉ်ကျေးတဲ့ပုံစံနဲ့ အမြဲပြောပါတယ်။ အတန်းဖော်ရိုဒရီဂိုကို ပထမဦးဆုံး စတွေ့လိုက်တဲ့အခါမှာ DESU နဲ့ MASU ဆိုတဲ့ ဝါကျရဲ့အဆုံး မှာ ထည့်ပြောတဲ့ ယဉ်ကျေးတဲ့ပုံစံ စကားလုံးတွေကို သုံးပြီးပြောသွားတယ်။ ဒါပေမယ့် ရင်းနှီးသွားတဲ့အခါမှာတော့ ပေါ့ပေါ့ပါးပါး ပုံစံစကားလုံး ကိုပြောင်းပြီး သုံးသွားခဲ့ပါတယ်။

ဘာသာစကားဆိုတာက ဆက်သွယ်ရေးနည်းလမ်းတစ်ခုပါ။ သဒ္ဒါနားလည်နေတယ်ဆိုရင်တောင် အသုံးပြုတာမှားနေရင် တစ်ဖက်လူနဲ့ ဆက်ဆံရေးပျက်ပြားနိုင်ပါတယ်။ တစ်ဖက်မှာ သဒ္ဒါနည်းနည်းလေး မှားနေ တယ်ဆိုရင်တောင် ကိုယ်က အခြေအနေနဲ့ ကိုက်ညီတဲ့ ပေါ့ပေါ့ပါးပါး ပုံစံ ဒါမှမဟုတ် ယဉ်ယဉ်ကျေးကျေးပုံစံနဲ့ ကြိုးစားပြီးပြောမယ်ဆိုရင် ကိုယ်က တစ်ဖက်လူနဲ့ ဆက်ဆံရေးကောင်းချင်တဲ့ ဆန္ဒရှိတယ်ဆိုတာကို တစ်ဖက်လူက ခံစားသိရှိနိုင်ပါတယ်။

ဒါကြောင့် ဂျပန်စကားကို ကျင့်သားရအောင် တတ်နိုင်သမျှ ကြိုးစားပြော ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ များများသာပြောပါ။ အောင်မြင်ပါစေ လို့ဆန္ဒပြုပါတယ်။
NHK website ကနေထွက်ပါမယ်။