NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > TARI ကိုသုံးပြီးတော့ သာဓက၊ နမူနာတွေကို တိုက်ရိုက်ကိုးကားတဲ့နည်းလမ်း။ (သင်ခန်းစာ 37)

သင်ပေးပါဆရာမ

TARI ကိုသုံးပြီးတော့ သာဓက၊ နမူနာတွေကို တိုက်ရိုက်ကိုးကားတဲ့နည်းလမ်း။ (သင်ခန်းစာ 37)

လှုပ်ရှားမှုတွေထဲက အကြောင်းအရာ ၂ ခု ၃ ခုကို ဥပမာအနေနဲ့ ထောက်ပြပြောမယ်ဆိုရင် TA ပုံစံကြိယာတွေရဲ့နောက်မှာ RI ဆိုတာကိုထည့်ပြောရပါတယ်။ ဝါကျရဲ့အဆုံးမှာတော့ SHIMASU (လုပ်တယ်၊လုပ်မယ်)ဆိုတာဘဲဖြစ်ဖြစ် SHIMASHITA (လုပ်ခဲ့တယ်) ဒါမှမဟုတ် SHITAI DESU (လုပ်ချင်တယ်) ဆိုတာကိုသုံးပါတယ်။

စကားပြောထဲမှာ ဥပမာအားဖြင့် အန်းနာက ရှီဇူအိုကာမှာ လုပ်ဆောင်မှု တော်တော်များများလုပ်ခဲ့တယ်။ အဲဒီထဲမှာမှာ ဖူဂျီတောင်ကို သွားကြည့်ခဲ့တာရယ်၊ ဆူရှီစားခဲ့တာရယ်ကို ရွေးပြီးတော့ အဆောင်မှူးကို ပြောပြခဲ့တယ်။
ဖူဂျီတောင်အကြောင်းကို ပြောတဲ့အခါမှာ MIMASU(ကြည့်တယ်၊ ကြည့်မယ့်) ရဲ့ TA ပုံစံဖြစ်တဲ့ MITA ရဲ့နောက်မှာ RI ကိုတွဲလိုက်ပြီး MITARI လို့သုံးသွားတယ်။ ဆူရှီနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာတော့ TABEMASU(စားတယ်၊ စားမယ်) ရဲ့ TA ပုံစံဖြစ်တဲ့TABETA ရဲ့နောက်မှာ RI ဆိုတာကိုတွဲလိုက်ပြီး TABETARI လို့ပြောသွားတယ်။
ဖူဂျီတောင်ကြည့်တာတို့၊ ဆူရှီစားတာတို့ ဆိုတဲ့လုပ်ရပ်တွေကို ပေါင်းလိုက် ပြီးတော့ FUJI-SAN O MITARI, OSUSHI O TABETARI SHIMASHITA.လို့ပြောပါတယ်။
အန်းနာက သူ့ခရီးစဉ်အတွင်းမှာ တခြားအရာတော်တော် များများ လည်း လုပ်ခဲ့ပါသေးတယ်။ ကိုယ်ဘာလုပ်ဆောင်တယ်၊ လုပ်ဆောင်ခဲ့တယ်ဆိုတာကိုTARI ကိုသုံးပြီး ပြောမယ်ဆိုရင် အဲဒါတွေအပြင် တခြားဟာ တွေကိုလည်း လုပ်ခဲ့သေးတယ်ဆိုတာကို သွယ်ဝိုက်ပြီးပြောတဲ့သဘောပါ။
TARIကို တခြားအဓိပ္ပာယ်တွေနဲ့လည်း သုံးနိုင်ပါတယ်။ ဆန့်ကျင်ဖက် အပြုအမူတွေကို ထပ်ကာတလဲလဲလုပ်တယ်ဆိုရင် TARI ကိုသုံးလို့ရပါတယ်။
ဥပမာ- အသွားအပြန်ကို အကြိမ်ကြိမ်လုပ်တယ်ဆိုရင် ITTARI KITARI SHIMASU. (သွားလိုက်ပြန်လိုက် လုပ်တယ်) လို့ပြောပါတယ်။ အကြိမ်ကြိမ် ဖွင့်လိုက် ပိတ်လိုက် လုပ်တယ်ဆိုရင် TSUKETARI KESHITARI SHIMASU လို့ပြောပါတယ်။
NHK website ကနေထွက်ပါမယ်။