NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > NAI ပုံစံကြိယာများ (သင်ခန်းစာ 21)

သင်ပေးပါဆရာမ

NAI ပုံစံကြိယာများ (သင်ခန်းစာ 21)

NAI နဲ့ဆုံးတဲ့ ကြိယာတွေက NAI ပုံစံကြိယာ တွေလို့ ခေါ်ပါတယ်။ MASU ပုံစံကြိယာတွေက NAI ပုံစံ ကြိယာတွေအဖြစ် ဘယ်လို ပြောင်းရတယ်ဆိုတာ ရှင်းပြပါမယ်။ MASU ပုံစံကြိယာကနေ ပေါ့ပေါ့ပါးပါးပြောတဲ့ အငြင်းပုံစံ ပြောင်းဖို့အတွက် NAI ပုံစံ ကိုသုံးပါတယ်။ ပထမဦးဆုံး MASU ရှေ့မှာ E, ဆိုတဲ့ သရသံရှိရင် MASU ကို NAI ကိုပြောင်းရပါတယ်။ ဥပမာ.. TABEMASU စားတယ်၊စားမယ် ဆိုတာက TABENAI မစားဘူး ဖြစ်သွားပါတယ်။
နောက်တစ်ခုက၊ MASU ဆိုတဲ့စကားလုံးမတိုင်ခင် သရသံ "I" နဲ့ဆုံးရင်ပြောင်းတဲ့ပုံစံက ၂ မျိုးပါရှိတယ်။ ပထမတစ်မျိုးက MASU ဆိုတာကို NAI ပြောင်းရပါမယ်။ ဥပမာ - OKIMASU ထတယ်၊ထမယ် ဆိုတာက OKINAI မထဘူး ဖြစ်သွားပါတယ်။
ဒုတိယပြောင်းနည်းက MASU ဆိုတဲ့စကားလုံးကိုဖြုတ်လိုက်ပြီး MASU ရဲ့ရှေ့မှာ ရှိတဲ့သရသံ I ကို သရသံ A အဖြစ် ပြောင်းလိုက်ရမယ်။ ပြီးရင် NAI ဆိုတာကို ထည့်ရပါမယ်။ IKIMASU သွားတယ်၊သွားမယ်ဆိုတာကို ဥပမာအနေနဲ့ ရှင်းပြပါမယ်။ MASU မတိုင်ခင်ရှိတဲ့စကားလုံးက KI ပါ။ ပထမဦးဆုံးအနေနဲ့ KI ဆိုတာကို KA ကိုပြောင်းလိုက်ပြီး NAI ပေါင်းထည့်လိုက်ရင် IKIMASU ရဲ့ NAI ပုံစံက IKANAI မသွားဘူး ဖြစ်သွားပါတယ်။
ဒါပေမယ့် MASU ကို ဖြုတ်လိုက်ပြီးတဲ့အခါမှာ တခြား ဗျည်းအက္ခရာမပါပဲ သရ I ချည်းပဲရှိခဲ့တယ်ဆိုရင် အဲဒီ "I" ကို WA လို့ပြောင်းလိုက်ပါ။ ပြီး ရင် NAI ပေါင်းထည့်လိုက်တဲ့အခါ TSUKAIMASU သုံးတယ်၊သုံးမယ် ဆိုတာက TSUKAWANAI မသုံးဘူးဆိုတာ ဖြစ်သွားပါမယ်။ နောက်ဆုံးတစ်ခုအနေနဲ့ ပြောပြချင်တာက ပုံမှန်မဟုတ်တဲ့ ကြိယာပြောင်းပုံစံ ပါ။ KIMASUလာတယ်၊လာမယ် ဆိုတာက KONAI မလာဘူး လို့ ပြောင်းရပါတယ်။ သင်ကြားရေးအထောက်ကူပြု ပစ္စည်းများ စာမျက်နှာဆီကိုသွားရောက်လေ့လာပါ။
NHK website ကနေထွက်ပါမယ်။