NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > နာမဝိသေသန တွေ ရဲ့ အငြင်းပုံစံ (သင်ခန်းစာ 15)

သင်ပေးပါဆရာမ

နာမဝိသေသန တွေ ရဲ့ အငြင်းပုံစံ (သင်ခန်းစာ 15)

သင်ခန်းစာ ၁၃ မှာတုန်းက I- နာမဝိသေသနနဲ့ NA-နာမဝိသေသနဆိုပြီး နာမဝိသေသန ၂ မျိုးရှိတယ်လို့ လေ့လာခဲ့ တယ်။ ATARASHII(သစ်သော)ဆိုတာက I နဲ့ဆုံးတဲ့ I- နာမဝိသေသနပါ။ NA-နဲ့ဆုံးတဲ့ နာမဝိသေသနတွေကတော့သူတို့အထူးပြုမယ့်နာမ် တွေရဲ့ရှေ့မှာ NA-ကိုထည့်တဲ့နာမဝိသေသနတွေပါ။ ဒီတော့ ဒီနေ့သင်ခန်းစာမှာ လေ့လာခဲ့တဲ့ DAIJÔBU အဆင်ပြေသော ဆိုတာကို နာမ်တွေရှေ့မှာ ထားသုံးမယ်ဆိုရင် DAIJÔBUNA လို့ ဖြစ်သွားပါတယ်။ နာမဝိသေသနတွေကို အငြင်းပုံစံပြောင်းဘို့ဆိုရင် I နေရာမှာ KUNAI ကို အစားထိုးရမယ်။ ဒီတော့ ATARASHII (သစ်သော) ရဲ့အငြင်းပုံစံက ATARASHIKUNAI (အသစ်မဟုတ်သော) ဖြစ်ပါတယ်။
NA နာမဝိသေသနတွေကို အငြင်းဝါကျပြောင်းရင်နောက်မှာ DEWANAI ထည့်ရပါတယ်။ ဒီတော့ DAIJÔBU (အဆင်ပြေသော) ရဲ့ အငြင်းပုံစံက DAIJÔBU DEWANAI(အဆင်မပြေသော) ဖြစ်ပါတယ်။

ပေါ့ပေါ့ပါးပါးပုံစံနဲ့ သုံးချင်ရင် DEWANAI အစား JANAIကိုသုံးပါ။ DAIJÔBU JANAI. ဖြစ်သွားပါမယ်။

လေ့လာသင်ကြားရေးအထောက်အကူပြုပစ္စည်းများ စာမျက်နှာကိုကြည့်ပါ။
NHK website ကနေထွက်ပါမယ်။