NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > TE ပုံစံကြိယာ + MO II DESU KA (သင်ခန်းစာ 14)

သင်ပေးပါဆရာမ

TE ပုံစံကြိယာ + MO II DESU KA (သင်ခန်းစာ 14)

TE ပုံစံကြိယာနဲ့ MO II DESU ကို အတူတွဲပြီးပြောရင် ခွင့်တောင်းတာကို ခွင့်ပြုလိုက်တဲ့ ပုံစံဖြစ်တယ်။ဒါဟာ တခုခုပြုလုပ် တာကို ကြိယာနဲ့ ဖေါ်ပြပြီး ခွင့်ပြုလိုက်တဲ့သဘော ကိုပြတဲ့ပုံစံပါ။ ဥပမာ TE ပုံစံကြိယာကို သုံးပြီး အခြားတစ်ယောက်ကို မင်းစားနိုင်တယ် ဒါမှာမဟုတ် မင်းကို စားခွင့်ပြုတယ်လို့ ပြောချင်တယ်ဆိုရင် TABEMASU(စားတယ်၊စားမယ်) ဆိုတာရဲ့ TE ပုံစံကြိယာဖြစ်တဲ့ TABETE ရဲ့နောက်မှာ MO IIDSU ကို ထည့်ပြောပါ။ ဒီတော့ ပြောရမှာက TABETE MO II DESU ပါ။

ခွင့်တောင်းချင်တယ်ဆိုရင် ဝါကျရဲ့အဆုံးမှာ KA ဆိုတာကို ပေါင်းထည့်လိုက်ပြီး အသံကို မြှင့်ပြီးပြောပါ။ ဥပမာ - ရှေ့မှာချထားတဲ့ ကွတ်ကီဘီစကစ်မုန့် ကို စားလို့ရလားဆိုတာကို မေးချင်တယ်ဆိုရင် TABETE MO II DESU ရဲ့နောက်မှာ KA ဆိုတာကို ထည့်ပြီးတော့ TABETE MO II DESU KA စားလို့ရလား လို့ပြောရပါတယ် ။
အခြားသူတစ်ယောက်က နေ စားခွင့်ပေးတယ်ဆိုရင် သူက DÔZO  ကျေးဇူးပြုပြီးစားပါ လို့ပြောလိမ့်မယ်။ TE ပုံစံကြိယာကို မသိဘူးဆိုရင် တောင် စားချင်တာကို လက်ညှိုးညွှန်ပြပြီးတော့ II DESU KA (ရလားဟင်) လို့မေးနိုင်ပါတယ်။ လူတွေက ဘာကိုဆိုလိုချင်တယ် ဆိုတာ နားလည်ပါလိမ့်မယ်။ ဒါဆို သုံးရတာ အဆင်ပြေသွားမှာပါ။
NHK website ကနေထွက်ပါမယ်။