NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > နာမဝိသေသနအမျိုးအစား၂မျိုး (သင်ခန်းစာ 13)

သင်ပေးပါဆရာမ

နာမဝိသေသနအမျိုးအစား၂မျိုး (သင်ခန်းစာ 13)

နာမဝိသေသနကို အခြေခံအားဖြင့် ၂ မျိုး ၂ စား ခွဲထားပါတယ်။ I နဲ့ ဆုံးတဲ့ စကားလုံးတွေနဲ့ I မပါတဲ့စကားလုံးပါ။ I နဲ့ ဆုံးတဲ့ စကားလုံးတွေ ကို I နာမဝိသေသနတွေလို့ ခေါ်ပါတယ်။ အဲဒါတွေကတော့ ကျယ်သော လို့ အဓိပ္ပာယ်ရတဲ့ HIROI နဲ့ သစ်သော လို့အဓိပ္ပာယ်ရတဲ့ ATARASHII.တို့လည်းပါဝင်ပါတယ်။

နာမဝိသေဿနတွေကို အထူးပြုမယ့်နာမ်တွေရဲ့ရှေ့မှာ ထားပါတယ်။ ဥပမာ -စာအုပ်အသစ် ဆိုရင် ATARASHII HON. လို့ပြောပါတယ်။ I နဲ့မဆုံးတဲ့နာမဝိသေသန ကို NA-ပေါင်းထည့် ပြီး နာမ် ကိုအထူးပြုပါတယ်။ဒါကို NA-နာမဝိသေသန လို့ ခေါ်ပါတယ်။ဥပမာ - SUKI ကြိုက်သော ဆိုတာ ကို I နဲ့ ဆုံးတဲ့ အတွက် I နာမဝိသေသန လို့ ထင် ရင် မှားပါတယ်။ KI နဲ့ ဆုံးတဲ့အတွက် စာအုပ်အသစ် ဆိုရင် SUKINA HON. လို့ပြောရပါတယ်။
ဒါပေမယ့် ချွင်းချက်တွေလည်းရှိပါသေးတယ်။ တစ်ချို့ NA-နာမဝိသေသန တွေ ဟာ I နဲ့ဆုံးပေမယ့် နာမ် ကိုအထူးပြု တဲ့အခါ NA-နာမဝိသေသန အုပ်စုမှာပါ ပါတယ်။ အဲဒါတွေကတော့ လှပသော၊ သန့်ရှင်းသော ဆိုတဲ့ KIREI ။ ကြော်ကြားသောဆိုတဲ့ YÛMEI နဲ့ တော်သောဆိုတာ TOKUI တွေပါ။ ဒီတော့ သန့်ရှင်းတဲ့စာအုပ်ဆိုတာက KIREI HON မဟုတ်ဘူး။ KIREINA HON လို့ပြောရပါတယ်။
NHK website ကနေထွက်ပါမယ်။