NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 5

သင်ခန်းစာ 5

အဲဒါတွေဟာ ကျမရဲ့ရတနာ တွေပါ။

အန်းနာဟာသူရဲ့ကျူတာဖြစ်တဲ့ ဆာ့ခူရာကို သူ့အဆောင်ကအခန်းကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဆာ့ခူရာဟာ တစ်ခုခုကို တွေ့လိုက်ပါတယ်။

သင်ခန်းစာ 5 ၁ဝ မိနစ်

အဓိက စကားပြောများ

SORE WA WATASHI NO TAKARAMONO DESU

သင်ခန်းစာ စာမူများ

アンナ 私の部屋はこちらです。どうぞ。 ကျွန်မရဲ့အခန်းက ဒီဘက်မှာပါ။ ကြွပါရှင်။
အန်းနာ WATASHI NO HEYA WA KOCHIRA DESU. DÔZO.
ကျွန်မရဲ့အခန်းက ဒီဘက်မှာပါ။ ကြွပါရှင်။
さくら すごい!これは全部マンガ? အံ့သြစရာပဲဍ (ဟယ် . . . အများကြီးပဲ) ဒါတွေအားလုံး က မန်းဂါ့ တွေလား။
ဆာ့ခူရာ SUGOI! KORE WA ZENBU MANGA?
အံ့သြစရာပဲဍ (ဟယ် . . . အများကြီးပဲ) ဒါတွေအားလုံး က မန်းဂါ့ တွေလား။
アンナ それは私の宝物です。
私は毎日マンガを読みます。
အဲဒါတွေဟာ ကျွန်မရဲ့ ရတနာတွေပါ။ (အဲဒါတွေက ကျွန်မအတွက် တန်ဖိုးမဖြတ် နိုင်တဲ့အရာတွေပါ)
ကျွန်မကနေ့တိုင်းမန်းဂါ့ကိုဖတ်ပါတယ်။
အန်းနာ SORE WA WATASHI NO TAKARAMONO DESU.
WATASHI WA MAINICHI MANGA O YOMIMASU.
အဲဒါတွေဟာ ကျွန်မရဲ့ ရတနာတွေပါ။ (အဲဒါတွေက ကျွန်မအတွက် တန်ဖိုးမဖြတ် နိုင်တဲ့အရာတွေပါ)
ကျွန်မကနေ့တိုင်းမန်းဂါ့ကိုဖတ်ပါတယ်။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

ကတ္တား WA ကံ O ကြိယာ

ဂျပန်စာရဲ့ အခြေခံသဘောအားဖြင့် ဝါကျအစီအစဉ်က ကတ္တား၊ ကံ နဲ့ ကြိယာ ဆိုပြီးအစဉ်အလိုက်သွားတာပါ။
O ဆိုတာက ကံပြဝိဘတ်ပါ။ကျမ မန်းဂါ့ကာတွန်းနေ့တိုင်းဖတ်တယ်။

သင်ပေးပါဆရာမ

ကြိယာကို အငြင်းပုံစံနဲ့ မေးခွန်းပုံစံလုပ်နည်းကိုလေ့လာပါမယ်
MASUနဲ့ ဆုံးတဲ့ကြိယာတွေကို MASU ပုံစံကြိယာလို့ ပြောပါ တယ်။ ယဉ်ယဉ်ကျေးကျေးစကားပြောတဲ့အခါ MASU ပုံစံကိုသုံးပါတယ်။ အငြင်းဝါကျလုပ်မယ်ဆိုရင် MASU ကို MASEN လို့ပြောင်းသုံးပါ။ ဒီတာ့ YOMIMASU ဖတ်တယ်၊ ဖတ်မယ်ဆိုတာက YOMIMASEN မဖတ်ဘူးဖြစ်သွားပါမယ်။

အိုနိုမာတိုပဲ

စာဖတ်ခြင်း
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ဆာ့ခူရာ ကတို့နဲ့ ပတ်သက်ပြီးတခြား ဘာမှမဖတ်ပဲ မန်းဂါ့ တွေဘဲအမြဲ တမ်း ဖတ်နေတယ်လို့တွေး နေမလားမသိဘူး။ ဒါပေမယ့် တို့အတွက်တော့ မန်းဂါ့ဟာ ဂျပန်စာလေ့လာဖို့ အကောင်းဆုံးဘဲ။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။