NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 45

သင်ခန်းစာ 45

မွေးနေ့မှာ ပျော်ရွှင်ပါစေ။

ဒီနေ့ဟာ အန်းနာရဲ့ မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့ပွဲကို သူငယ်ချင်းတွေနဲ့အတူ စားသောက်ဆိုင်တစ်ဆိုင်မှာ ကျင်းပနေကြပါတယ်။

သင်ခန်းစာ 45 ၁ဝ မိနစ်

အဓိက စကားပြောများ

OTANJÔBI OMEDETÔ

သင်ခန်းစာ စာမူများ

みんな アンナ、お誕生日おめでとう。 အန်းနာ မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ။
သူငယ်ချင်းများ ANNA, OTANJÔBI OMEDETÔ.
အန်းနာ မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေ။
健太 これ、ほんの気持ちです。 ဒါ အမှတ်တရလေး အဖြစ်ပါ။
ခဲန်းတာ KORE, HONNO KIMOCHI DESU.
ဒါ အမှတ်တရလေး အဖြစ်ပါ။
アンナ どうもありがとうございます。 ကျေးဇူး အများကြီးတင်ပါတယ်။
အန်းနာ DÔMO ARIGATÔ GOZAIMASU.
ကျေးဇူး အများကြီးတင်ပါတယ်။
さくら 何をもらったの? ဘာရလိုက်တာလဲ။
ဆာ့ခူရာ NANI O MORATTA NO?
ဘာရလိုက်တာလဲ။
アンナ 開けてもいいですか。 ဖွင့်ကြည့်လို့ရမလား။
အန်းနာ AKETE MO II DESU KA.
ဖွင့်ကြည့်လို့ရမလား။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

MORAIMASU

လက်ခံတဲ့သူကို ကတ္တားနေရာကထားပြီး သုံးမယ်ဆိုရင် MORAIMASU, (လက်ခံရယူတယ်၊ လက်ခံရယူမယ်) ကိုသုံးရပါတယ်။ ပေးတဲ့သူကိုဖော်ပြဖို့ ဝိဘတ်NIကိုသုံးပါ။
ဥပမာ -KANOJO WA KARE NI FÛSEN O MORAIMASU.
သူမက သူဆီကနေ မိုးပျံပူပေါင်း ရခဲ့ပါတယ်။
ကျေးဇူးပြုပြီး သင်ကြားရေး အထောက်အကူပြုပစ္စည်း စာမျက်နှာကို သွားလေ့လာပါ။

သင်ပေးပါဆရာမ

MORAIMASU
ပထမဦးဆုံးအနေနဲ့ AGEMASU နဲ့ KUREMASU ကြိယာ ၂ ခုလုံးက ပေးတယ်၊ ပေးမယ်ဆိုတဲ့အဓိပ္ပာယ် ဆိုတာကို သတိပြုပါ။ ပြီးတော့ MORAIMASU ဆိုတာက လက်ခံရယူတယ်၊ လက်ခံရယူမယ်လို့ အဓိပ္ပာယ်ရပါတယ်။

အိုနိုမာတိုပဲ

နက်နက်ရှိုင်းရှိုင်းခံစားမှု။
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ခဲန်းတာဆီက ဖူဂျီတောင်ပုံးဆွဲကြိုးလေးရခဲ့တယ်။ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရပြီး JÎN.လို့ဖြစ်သွားတယ်။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။