NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 44

သင်ခန်းစာ 44

ဂျပန်မုန့်အချိုစားပြီးမှ ဂရင်းတီးအစိမ်းရောင် ဂျပန်လက်ဖက်ရည်ကြမ်း သောက်ပါမယ်။

အန်းနာဟာ သူ့တက္ကသိုလ်က လေ့လာရေးခရီးစဉ်နဲ့ Himeji ရဲတိုက်ကို ရောက်ခဲ့ပြီးတဲ့နောက်မှာတော့ လက်ဖက်ရည်ပွဲ အခမ်းအနား ကျင်းပတဲ့နေရာ မှာ လက်တွေ့ လေ့လာနေပါတယ်။

သင်ခန်းစာ 44 ၁ဝ မိနစ်

အဓိက စကားပြောများ

WAGASHI O TABETE KARA, MACCHA O NOMIMASU.

သင်ခန်းစာ စာမူများ

アンナ 和菓子はとても甘いですね。 ဂျပန်ရိုးရာမုန့်တွေက သိပ်ချိုတယ်နော်။
အန်းနာ WAGASHI WA TOTEMO AMAI DESU NE.
ဂျပန်ရိုးရာမုန့်တွေက သိပ်ချိုတယ်နော်။
先生 和菓子を食べてから、抹茶を飲みます。
抹茶は苦いかもしれません。
ဂျပန်မုန့်အချိုစားပြီးမှ ဂရင်းတီးအစိမ်း ရောင်လက်ဖ က်ရည်ကြမ်းကို သောက်ရပါတယ်။
ဂရင်းတီးက ခါးရင်ခါးလိမ့်မယ်။
ဆရာ WAGASHI O TABETE KARA, MACCHA O NOMIMASU.
MACCHA WA NIGAI KAMOSHIREMASEN.
ဂျပန်မုန့်အချိုစားပြီးမှ ဂရင်းတီးအစိမ်း ရောင်လက်ဖ က်ရည်ကြမ်းကို သောက်ရပါတယ်။ ဂရင်းတီးက ခါးရင်ခါးလိမ့်မယ်။
アンナ 先生、足がしびれました。いたたたた。 ဆရာ ... ခြေထောက်ကျဉ်နေပြီ။ နာ နာ နာ နာလိုက်တာ။
အန်းနာ SENSEI, ASHI GA SHIBIREMASHITA. ITATATATA.
ဆရာ ... ခြေထောက်ကျဉ်နေပြီ။ နာ နာ နာ နာလိုက်တာ။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

  KAMOSHIREMASEN

KAMOSHIREMASEN ဆိုတာ (လားမသိဘူး၊ ဖြစ်ရင်ဖြစ်လိမ့်မယ်) လို့အဓိပ္ပာယ်ရပါတယ်။ ဥပမာ NIGAI KAMOSHIREMASEN (ခါးရင် ခါးလိမ့်မယ်)

သင်ပေးပါဆရာမ

TE-ကြိယာပုံစံ + KARA
သင်ခန်းစာ ၁၆ မှာတုန်းက ဝါကျတစ်ကြောင်းမှာ တစ်ခုထက်ပိုတဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေကို ဖော်ပြချင်တဲ့အခါ TE ပုံစံကြိယာတွေနဲ့ ဆက်သွယ်ပြီးသုံးသွားနိုင်တာကိုလေ့လာခဲ့ပါတယ်။

အိုနိုမာတိုပဲ

ထုံကျဥ်ခြင်း။
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ပဆစ်တုပ်ထိုင်ရတာ သိပ်ခက်တာပဲ။ ခြေထောက်မကျဉ်အောင် ဘယ်ညာခြေမ ၂ ချောင်းကို ထိထားပြီး ပဆစ်တုပ်ထိုင်ရင် ကောင်းတယ်တဲ့။ နောက်တစ်ခါ လုပ်ကြည့်မယ်။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။