NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 32

သင်ခန်းစာ 32

ဖူတွန်အိပ်ယာ ကို ပိုကြိုက်တယ်။

အန်းနာဟာ ဒီညမှာဆာ့ခူရာရဲ့အဖွားအိမ်မှာညအိပ်မှာပါ။ခေါက်သိမ်းနိုင်တဲ့ ဂျပန်အိပ်ယာဖူတွန်စောင်ခင်းနဲ့ကြမ်းပြင်ပေါ်မှာအိပ်တာ အန်းနာအတွက် ဒါဟာ ပထမဦးဆုံးအကြိမ်ပါဘဲ။

သင်ခန်းစာ 32 ၁ဝ မိနစ်

အဓိက စကားပြောများ

FUTON NO HÔ GA SUKI DESU

သင်ခန်းစာ စာမူများ

さくら 布団とベッドとどちらが好き? ဖူတွန်အိပ်ရာ နဲ့ ခုတင် နဲ့ ဘယ်ဟာကို ပိုကြိုက်လဲ။
ဆာ့ခူရာ FUTON TO BEDDO TO DOCHIRA GA SUKI?
ဖူတွန်အိပ်ရာ နဲ့ ခုတင် နဲ့ ဘယ်ဟာကို ပိုကြိုက်လဲ။
アンナ 布団のほうが好きです。
この布団はベッドよりやわらかいです。
ဖူတွန်အိပ်ရာကိုပိုကြိုက်တယ်။
ဒီဖူတွန်အိပ်ရာက ခုတင်ထက်ပိုပြီး နူးညံ့တယ်။
အန်းနာ FUTON NO HÔ GA SUKI DESU.
KONO FUTON WA BEDDO YORI YAWARAKAI DESU.
ဖူတွန်အိပ်ရာကိုပိုကြိုက်တယ်။ ဒီဖူတွန်အိပ်ရာက ခုတင်ထက်ပိုပြီး နူးညံ့တယ်။
アンナ それじゃ、おやすみなさい。 ကဲ... အနားယူလိုက်ပါဦး။ (အနားယူကြမယ်)
အန်းနာ SOREJA, OYASUMINASAI.
ကဲ... အနားယူလိုက်ပါဦး။ (အနားယူကြမယ်)
さくら おやすみ。 နားတော့နော်။ (အိပ်တော့မယ်)
ဆာ့ခူရာ OYASUMI.
နားတော့နော်။ (အိပ်တော့မယ်)

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

A TO B TO DOCHIRA GA နာမဝိသေသန DESU KA

ပစ္စည်း ၂ ခုကိုယှဉ်ပြီးတော့  Aနဲ့ Bဘယ်ဟာ ကောင်းသလဲလို့ မေးတဲ့အခါမျိုးမှာA TO B TO DOCHIRA GAလို့ ပြောပြီး နောက်မှာ  နာမဝိသေသန ကို တစ်ခု ထည့်ပြီး အဲဒီနောက်မှာ DESUKAလို့ထည့်ပြောရပါမယ်။

ဥပမာ FUTON TO BEDDO TO DOCHIRA GA SUKI DESU KA  (ဖူတွန်ဂျပန်မွေ့ယာ နဲ့ ခုတင်နဲ့အိပ်တဲ့အိပ်ယာ ဘယ်ဟာကိုပိုကြိုက်ပါသလဲ)   

သင်ပေးပါဆရာမ

နှိုင်းယှဉ်တာကို ဖော်ပြတဲ့အခါ NO HÔ GA နဲ့ YORI စကားလုံးတွေကိုသုံးပါတယ်။
ဂျပန်စကားမှာ နာမဝိသေသနတွေကို နှိုင်းယှဉ်တဲ့အခါ ပုံစံပြောင်းသုံးတာမရှိပါဘူး။ ဒီတော့ နာမဝိသေသနကို နှိုင်းယှဉ်ချင်တယ်ဆိုရင် YORI (ထက် ) နဲ့ NO HÔ GA (ပိုပြီး၊ ထက်) ဆိုတာကိုသုံးပြီး နှိုင်းယှဉ်ပါတယ်။

အိုနိုမာတိုပဲ

နူးညံ့တယ်။
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ဖူတွန်နဲ့အိပ်တာ ဒါပထမဦးဆုံးဘဲ။ အဖွားက ဖူတွန်အိပ်ယာကို ကြိုပြီးနေလှန်းထားပေးတယ်။ အိပ်ရတာသက်တောင့်သက်သာရှိလိုက်တာ။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။