NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 23

သင်ခန်းစာ 23

အမေဆူတာခံလိုက်ရတယ်

အန်းနာကိုဆာ့ခူရာက တက္ကသိုလ်ဝင်းထဲမှာ အန်းနာ အဆောင်ပြန်နောက်ကျတာနဲ့ပတ်သက်လို့ မေးမြန်းနေတဲ့အကြောင်းပါ။

သင်ခန်းစာ 23 ၁ဝ မိနစ်

အဓိက စကားပြောများ

OKÂSAN NI SHIKARAREMASHITA

သင်ခန်းစာ စာမူများ

さくら この間は門限に間に合った? ပြီးခဲ့တဲ့ရက်က အဆောင်ပိတ် ချိန်မီခဲ့ရဲ့လား။
ဆာ့ခူရာ KONOAIDA WA MONGEN NI MANIATTA?
ပြီးခဲ့တဲ့ရက်က အဆောင်ပိတ် ချိန်မီခဲ့ရဲ့လား။
アンナ いいえ。間に合いませんでした。
それで、お母さんに叱られました。
ဟင့်အင်း။ အချိန်မမီခဲ့ဘူး။
အဲဒါကြောင့် အမေဆူ တာခံလိုက်ရတယ်။
အန်းနာ IIE. MANIAIMASEN DESHITA.
SOREDE, OKÂSAN NI SHIKARAREMASHITA.
ဟင့်အင်း။ အချိန်မမီခဲ့ဘူး။ အဲဒါကြောင့် အမေဆူ တာခံလိုက်ရတယ်။
アンナ 掃除当番が3回増えました。 သန့်ရှင်းရေး လုပ်ရမယ့် တာဝန်က ၃ ကြိမ် တိုးသွားတယ်။
အန်းနာ SÔJI TÔBAN GA SANKAI FUEMASHITA.
သန့်ရှင်းရေး လုပ်ရမယ့် တာဝန်က ၃ ကြိမ် တိုးသွားတယ်။
さくら それは大変だったね。 အဲဒါဆိုပင်ပန်း သွားတာပေါ့နော်။
ဆာ့ခူရာ SORE WA TAIHEN DATTA NE.
အဲဒါဆိုပင်ပန်း သွားတာပေါ့နော်။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

  MASEN DESHITA

MASU ပုံစံကြိယာတွေမှာ  MASU ကိုဖြုတ် MASEN  DESHITA ပြောင်းထည့်လိုက်ရင် အတိတ် ကာလ အငြင်းပုံစံဖြစ်သွားပါတယ်။ ဥပမာ- MANIAIMASU အချိန်မီတယ်၊ အချိန်မီမယ်။ MANIAIMASEN  အငြင်းပုံစံပါ။  အချိန်မမီဘူး  ဖြစ်ပါတယ်။
အတိတ် ကာလ အငြင်းပုံစံ ဆိုရင်
MASEN  DESHITA အချိန်မမီခဲ့ဘူး   ဖြစ်သွားပါတယ်။ 

သင်ပေးပါဆရာမ

ပြုလုပ်ခြင်းခံရတယ်ဆိုတာကို ဖော်ပြတဲ့ပုံစံ
ခံရတဲ့သူဘက်ကနေပြောချင်ရင် အပြုခံပုံစံကိုသုံးပါတယ်။ MASU ပုံစံကြိယာကို အပြုခံကြိယာပုံစံပြောင်းပြီးတော့ NI ဆိုတဲ့ ဝိဘတ်ကိုပေါင်းထည့်ပြီး ပြုလုပ်တဲ့သူက ဘယ်သူဆိုတာ ဖော်ပြပါတယ်။

အိုနိုမာတိုပဲ

သန့်ရှင်းရေး လုပ်ခြင်း
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ကြမ်းတိုက်ရတာပင်ပန်းပေမယ့် အကုန်လုံး PIKA PIKA ဖြစ်ပြီးပြောင်သွားတော့ပျော်ပါတယ်။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။